'' အင်ဂျင်နီယာလို့ မသတ်မှတ်ချင်တာ ဝန်တိုစိတ်ကြောင့်လား ''
AGTI ကို အင်ဂျင်နီယာအဖြစ်
အသိအမှတ်မပြုတဲ့
သဘောသက်ရောက်သွားတဲ့
ဥပဒေကိစ္စ
ပြဿ နာဖြစ်လာတော့
သူငယ်ချင်းတွေကြား
အတော်လှုပ်လှုပ်ရွရွဖြစ်သွား
တယ်။
တစ်ချို့ဆို
ကိုတင့်..ရေးပါအုံး။ ဒီအတိုင်းကြည့်နေတော့ မှာလား ဘာညာ ဖုန်းဆက်ပြီး ပြောကြတယ်။
ဖြစ်တဲ့ပြဿ နာရဲ့ လက်သည်တရားခံက
မသဲမကွဲဘူး။
ပထမ လွှတ်တော်အမတ်က
လုပ်သလိုလို။
နောက် MEC ကပဲ ညဏ်များတာလိုလို။
အဆိုတင်ပေးတဲ့
လွှတ်တော်အမတ်က
လည်း BE ။
ညဏ်များတယ်လို့ နာမည်ထွက်နေတဲ့ MEC ဦးဆောင်သူများ ကလည်း BEကျောင်းဆင်းများ ဖြစ်နေကြတော့ AGTIတွေရဲ့ သံသယ ကပိုကြီးသွားတော့ တာပေါ့။။
မစွမ်းရင်းကလည်းရှိ
ကန်ဇွန်းခင်းကလည်း
ငြိပြီပေါ့ခင်မျာ။
ကျနော့်သဘောထားကတော့ ရှင်းပါတယ်။
BE ဟာ AGTI တွေရဲ့
ပြိုင်ဘက်မဟုတ်ပါဘူး။
မြန်မာပြည်ရဲ့
ဆယ်တန်းစာမေးပွဲမှာ
ဒုတိယအမှတ်အများဆုံးရပြီး ခြောက်နှစ်သင်ယူ ရတဲ့ BEဘွဲ့နဲ့ ဝင်ခွင့်ဖြေပြီး သုံးနှစ်သင်AGTIနဲ့
ပခုံးချင်းယှဉ်လို့မရတာ သေချာပါတယ်။
ဟုတ်ပြီ။
ဒါဆို BE နဲ့ AGTI တွေ ဘာလို့မကြာခဏ
ပြဿ နာဖြစ်ကြလည်း
ဆိုတာကို ကျတော်သိ သလောက် ကျနော်ခံစားနားလည်ထား
သလောက်ပြောရပါ
တော့မယ်။
ဒီလိုပါ။
BE ဘွဲ့ရများဟာ ငယ်စဉ်ကတိုင် IQ မြင့် ကြသူ များပါတယ်။
ကျက်အားမှတ်အား
ကောင်းကြပါတယ်။ ဒါ့ကြောင့်လည်း ဆယ်တန်းမှာ ဒုတိယ အမှတ်အများဆုံးအုပ်စု အဖြစ် စက်မှုတက္ကသိုလ် တက်ခွင့်ရတာပါ။
မြန်မာပြည်ပညာရေး
စနစ်သတ်မှတ်ချက်အရ
လူတော်များဖြစ်တယ်ဆိုတာ သံသယဖြစ်ဖွယ် မရှိပါဘူး။
နောက်တစ်ချက်
ကျနော်လေးစားတာက
BE တွေမွေးထုတ်ပေးတဲ့
RIT ကျောင်းဟာ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့
နေရာမှာ နာမည်ကြီးလို့ပါ။
ကျောင်းပြီးတော့
BE ဘွဲ့ရသူများကို
အစိုးရဌာနတွေက ပြန်တမ်းဝင် AEရာထူး တိုက်ရိုက်ခန့်လေ့
ရှိပါတယ်။
AGTI များကိုတော့
Non-gazette officer
အဆင့် SAE အဆင့်ကစတင် ခန့်လေ့ရှိပါတယ်။
အများအားဖြင့် SAE နဲ့ (7)နှစ်အထက်လုပ်သက်ရှိမှ AEဖြေဆိုခွင့်ပြုပြီး လုပ်သက်
(10)နှစ်ကျော်လောက်မှ AE ဖြစ်ကြတာများပါတယ်။
AGTI နဲ့ BE ဟာ အလုပ်ထဲမှာ ဆယ်နှစ်လောက်ကွာသွားတဲ့
သဘော။
ဒါ့ကြောင့် ပုံမှန်အားဖြင့် ဌာနတစ်ခုရဲ့ထိပ်ပိုင်းရာထူး
တွေမှာ BE ဘွဲ့ရတွေအများစု
ဖြစ်နေတာတွေ့ရမှာပါ။
ခက်တာက
မြန်မာပြည်မှာနှစ်ပေါင်း၅၀ လောက် အင်ဂျင်နီယာနဲ့ ပါတ်သက်လို့ ဒီနှစ်ကျောင်းပဲရှိခဲ့တာကြောင့် AGTI နဲ့ BE ကျောင်းဆင်း တွေဟာ အလုပ်ထဲမှာလည်း
တစ်ဆင့်မြင့်တစ်ဆင့်နိမ့်
အထက်အောက် သူတို့ချည့်ပဲ ရှိပါတယ်။
အဲ့ဒီ့အခါ အထက်က
အလုပ်ကိုယှဉ်ပြိုင်တာဝန်ပေးတာ၊နှိုင်းယှဉ်သုံးသပ်ခံရတာ
စသဖြင့် ပြိုင်ဖက်သဖွယ်
ဖြစ်လေ့ရှိတာသဘာဝပါပဲ။
အဲ့ဒီ့အခါ
SAE နဲ့ ဆယ်နှစ်သမ္ဘာရှိခဲ့သူနဲ့ မနှစ်တစ်နှစ်က BE ဆင်းပြီး AE ဖြစ်လာသူများနဲ့အထက်လူကြီး
တွေကနှိုင်းယှဉ်သုံးသပ်မိတဲ့
အခါမျိုးမှာပြဿ နာ ဖြစ်တတ်ကြပါတယ်။
ပိုဆိုးတာက
ကျောင်းသားဘဝမှာတုန်းက အတော်ဆုံး ကျောင်းသားတွေ ဖြစ်ခဲ့ပေမဲ့ ကျောင်းပြီးလို့ လူ့ဘဝကြီးထဲ တိုးဝင်ရတဲ့အခါ ဆယ်တန်းအောင်မှတ်နဲ့ သတ်မှတ်တာမျိုး
မဟုတ်တော့တာပါပဲ။
ဆယ်တန်းပညာရေးဟာ
မှတ်ညဏ် IQ အသားပေးပြီး လူတော်လို့သတ်မှတ်သလို ဖြစ်နေတယ်လို့ပြောကြပါ
တယ်။
လူ့ဘဝကြီးထဲ တိုးဝင်ရတဲ့အခါမှာတော့ IQ တစ်ခုတည်းအားကိုးလို့
မရတော့ပါဘူး။
ခုနောက်ပိုင်း
ကမ္ဘာမှာအသုံးများတဲ့
ညဏ်ရည်(7)မျိုးဖြစ်တဲ့ -
၁။ဘာသာစကားဥာဏ် ( Lingustic-intelligence)
၂။လောဂျစ်- သချာင်္ဥာဏ် ( Ligical- mathematical intelligence )
၃။ဂီတဥာဏ် (Musical intelligence )
၎။ကွက်လပ် အကွာအဝေးဥာဏ် ( Spatical
intelligence )
၅။ခနာကိုယ် လှုပ်ရှားရွေ့လျားဥာဏ် ( Body=kinesthetical intelligence )
၆။လူအချင်းချင်း ဆက်ဆံရေးဥာဏ် ( Inter personal intelligence )
၇။လူအတွင်းကြည့် ဥာဏ် ( Intrapersonal intelligence )
- တွေထိ ထူးချွန်မှပါ။
ဒါ့အပြင် ကံအကျိုးပေး
ကလည်း ရှိဦးမှခင်မျ။
AGTI မှ BE မှ မဟုတ်ပါ။လူတစ်ဦးချင်းဆီရဲ့
ကံညဏ်ဝီရိယနဲ့သာ
ဆိုင်တာမျိုးပါ။
ဒါတွေကြောင့်
အလုပ်ခွင်မှာ AGTI တွေကပိုတော်ချင်လည်း တော်နေတတ်ပါတယ်။
လေးစားစရာကောင်းပြီး
တစ်ကယ် Smart ကျတဲ့ BE တွေလည်း အများကြီးပါ။
အလုပ်ထဲမှာလည်း
လေးစားစရာကောင်းတဲ့
BE ဆရာသမားတွေ၊လုပ်ဖေါ်ကိုင်ဖက် BE တွေ အများကြီးပါ။
ဒါကလည်း
လူတစ်ဦးချင်းဆီရဲ့
ကိုယ်ရည်ကိုယ်သွေး၊စိတ်နေစိတ်ထားနဲ့
ကြိုးစားအားထုတ်မှု
အပေါ်မူတည်ပါလိမ့်မယ်။
တစ်ခါတစ်ရံ SAE နဲ့ ဆယ်နှစ်လောက် နောက်ကျပေမဲ့ လုပ်ရည်ကိုင်ရည်နဲ့
ကံတရားတွေကြောင့် အင်ဂျင်နီယာချုပ်၊
ညွှန်ချုပ်၊ဒုဝန်ကြီး၊ဝန်ကြီး တက်ဖြစ်သွား တတ်တာမျိုး လည်း ရှိတတ်ပါတယ်။
ဘဝထဲတိုးဝင်တဲ့အခါ
လူသားတစ်ဦးချင်းဆီရဲ့
ကံညဏ်ဝီရိယအရ
AGTI တွေဟာ ဥစ္စာဓန ကျိကျိတက်ချမ်းသာချင်လည်း ချမ်းသာနေတတ်ပါတယ်။
မင်းက (3)နှစ်ထဲသင်ပြီး
AGTI မို့လို့ လုပ်ငန်းခွင်မှာ ငါတို့ထက် ပိုမလေ့လာရဘူး။မကြိုးစားရဘူး။ပိုမတော်ရဘူး။ ရာထူးမကြီးရဘူး။
မချမ်းသာရဘူးလို့တော့
တားလို့ရမှာ မဟုတ်ပါဘူး။
လူဘဝဒွန္နယာကြီးက
ဆယ်တန်းစာမေးပွဲနဲ့
စာသင်ခန်းတစ်ခုလို
''ဒါကျက်ဒါဖြေ '' မဟုတ်ပါဘူး။
ကျယ်ဝန်းလှပါတယ်။
ပိုလို့ကျယ်ဝန်းတာက
လူတစ်ဦးသံသရာမှာ
ဘယ်လိုကောင်းမှုတွေ
လုပ်ခဲ့သလဲဆိုတာပါပဲ။
သူလုပ်ခဲ့တဲ့ကောင်းမှု
ကံတရားရဲ့အကျိုးပေးတွေကို ယှဉ်ပြိုင်လို့ မရပါနိုင်ဘူး။
ဒါတွေသဘောပေါက်ရင်
လူ့ဘဝဟာ နေရတာ ကျေနပ်စရာပါ။
ဒါ့ကြောင့်ချု ပ်
ပြောရရင် -
AGTI နဲ့ BE ဟာ ယှဉ်ရမဲ့အဆင့်မဟုတ်ပါ။
ဘယ်အလုပ်ခွင်ပဲဝင်ဝင် BE က AGTI တွေထက်ရာထူး တစ်ဆင့် သာပြီးသားပါ။
ကံညဏ်ဝီရိယချင်း
တူရင် AGTI တွေဟာ
BEတွေကိုကျော်တက်ဖို့
ပခုံးချင်းယှဉ်ဖို့မဖြစ်နိုင်ပါ။
မြန်မာပြည်ရဲ့
အနှစ်(50)လောက်
ကာလမှာလည်း အင်ဂျင်နီယာဆိုလို့
ဒီနှစ်ကျောင်းပဲရှိပါတယ်။
တိုင်းပြည်အတွက်
အင်ဂျင်နီယာအသိုင်းအဝန်း
အဖြစ်အနှစ်ငါးဆယ်လောက် လက်တွဲပြီးအလုပ်လုပ်ခဲ့ပြီး
ပါပြီ။
သူ့အဆင့်နဲ့သူ
ဘယ်ကျောင်းကဆင်းရင် ဘယ်အဆင့်ဆိုတာလည်း
သတ်မှတ်ထားတာ
အသားကျနေပါပြီ။
ဒါကိုပဲ ကျောင်းပြီးလို့
လူ့ဘဝကြီးထဲတိုးဝင်တဲ့အခါ AGTI အချို့  ထူးချွန်သွားတာ ကြီးပွားသွားတာကို အကြောင်းပြု ပြီး
ယခင်အနှစ်ငါးဆယ်
လောက်သတ်မှတ်ခဲ့တဲ့
အဆင့်ကို ထပ်ပြီးလျှော့ချချင် တာမျိုးလား တွေးမိပါသဗျား။
နှစ်ပေါင်း ရာကျော် သက်တမ်းရှိတဲ့
မြန်မာအင်ဂျင်နီယာအစ
ဂျီတီအိုင်ကလို့ ပြောရင်ရတဲ့
AGTI တွေကို ရူးရူးမိုက်မိုက်
စိတ်နဲ့ အင်ဂျင်နီယာစာရင်း မသွင်းချင်တော့ဘူးလား။
ဗုဒ္ဓက
ဟောထားပါတယ်။
''ဣသာ၊မစ္ဈရိယ''
''မနာလို၊ဝန်တို ''စိတ်
အကြောင်း။
ခုကိစ္စရဲ့ဇစ်မြစ်က
ိုစဉ်းစားကြည့်တော့ ''ဣသာ'' မနာလိုစိတ်တော့ မဟုတ်တန်ဘူးခင်မျ။
ကိုယ်ကြီးပွားသလို
ကြီးပွားမှာ၊ ကိုယ်နဲ့တန်းတူလာမှာ၊
ကိုယ့်ကို ပုခုံးချင်းယှဉ်လာမှာ ကြောက်တဲ့ ''မစ္ဈရိယ''ခေါ်တဲ့
ဝန်တိုစိတ်ကြောင့်ဖြစ်တာနေမှာပါ။
AGTI အချို့  ချမ်းသာအောင်မြင်နေတာ
ကြည့်ပြီး -
''ငါတို့ရဲ့တစ်ဆင့်နိမ့်
ကျောင်းကကောင်တွေက ''အင်ဂျင်နီယာချူ ပ်၊ညွှန်ချူ ပ်၊ဒုဝန်ကြီး၊ဝန်ကြီး၊ကုမ္ပဏီပိုင်ရှင်ကြီး'' တွေတက်ဖြစ်နေတာ ဆိုးသကွာ။
ဒီကောင်တွေ နောက်..
အဲ့လိုတက်မလာနိုင်အောင်
ရသမျှ ဥပဒေတွေနဲ့ အခွင့်သင့်တုန်း ချည်ထားတုပ်ထားစို့ ''
ဆိုတဲ့ရည်ရွယ်ချက်နဲ့များ
လုပ်နေသလား စိုးရိမ်မိပါသဗျား။
အင်း..
ကိုတင့်တို့ကတော့
ထူးချွန်ထက်မြက်ပြီး
ချမ်းသာအောင်မြင်နေတဲ့ GTIကျောင်းဆင်း တစ်ယောက် မဟုတ်ပါဘူး။
ဒီကိစ္စက
ထူးချွန်ထက်မြက်တဲ့
AGTI တစ်ချို့ အပေါ် ဝန်တိုစိတ်ရှိတဲ့
BE တစ်ချို့  (အားလုံးကိုမဆိုလိုပါ) ရဲ့ ဝန်တိုစိတ်ကလာတဲ့
ပြဿ နာလို့ သုံးသပ်မိပါတယ်။
ကြားထဲက
ကိုတင့်တို့လို သာမန်
AGTI နဲ့ နောက်ကျောင်းဆင်းလာမဲ့ AGTI အလောင်းအလျာလေး
တွေကတော နစ့်နာပြီပေါ့
ခင်မျာ။
မြန်မာပြည်မှာကလည်း
''ကိုယ်တက်တဲ့ကျောင်းမှကိုယ်'' ဆိုတဲ့ အတိမာနကလာတဲ့
ပြဿ နာကြီးသဗျ။
အဲ့ဒီ့ပြဿ နာက ခုဆို
မြန်မာ့နိုင်ငံရေးအထိ
ပြဿ နာလာရှုပ်နေတဲ့ အထိပဲ။
ဟို..အရာရာ အားလုံးတတ်တဲ့ ဒေါ်စိန်အေးကျောင်းဆိုလား။
ဒီလိုလွဲမှားတဲ့
ကျောင်းစွဲကြောင့် ခင်များတို့ ကျနော်တို့ စစ်ကျွန်ဖြစ်တာ
တရားရကြပါစို့။
ကျောင်းကိုအစွဲပြု ပြီး မာန်တက်နေတဲ့ အစွဲတွေ ခုကစပြီး ပြင်ကြစို့လား။
ဗိုလ်ချူ ပ်ကလည်းမှာ
ခဲ့ပါသဗျ။
''မဟုတ်တဲ့နေရာ
ညီညွတ်နေတာ
အလိုမရှိဘူး။
စာဖားတွေညီညွတ်နေတာမျိုး မလိုချင်ဘူး '' တဲ့ခင်မျ။
''ဝန်တို''တဲ့နေရာမှာတော့
မညီညွတ်စေ့ချင်ပါ။
လူအချင်းချင်း ဝန်တိုခြင်း
ကင်းရှင်းကြပါစေ ။ ။
ကိုတင့် (16-1-2019)





No comments:
Post a Comment