My Blog List

Friday, January 18, 2019

စက်မှုတော်လှန်ရေး 4.0 နှင့် မြန်မာနိုင်ငံ

စက်မှုတော်လှန်ရေး 4.0 နှင့် မြန်မာနိုင်ငံ
Industrial Revolution 4.0 and Myanmar
နောက်ခံအကြောင်းအချက်များ 

●—————————————


လာမည့် တနင်္ဂနွေတွင် ပြုလုပ်မည့် ယောမင်းကြီးဇရပ် (Talk Show) ပဉ္စမမြောက် စကားဝိုင်းဆွေးနွေးပွဲ၌ ဆွေးနွေးမည် ဖြစ်သော နည်းပညာဆိုင်ရာ စိန်ခေါ်မှု  "စက်မှုတော်လှန်ရေး 4.0 နှင့် မြန်မာနိုင်ငံ" (Industrial Revolution 4.0 and Myanmar) စကားဝိုင်း နောက်ခံ အချက်အလက်များ ဖြစ်ပါသည်။

စကားဝိုင်း ဆွေးနွေးပွဲကို ဇန်န၀ါရီ ၂၀ ရက် (တနင်္ဂနွေ) နံနက် ၉ နာရီတွင် စတင်မည်ဖြစ်ပြီး မည်သူမဆို အခမဲ့ တက်ရောက်နိုင်ပါသည်။

တက်ရောက်လိုသူများအနေဖြင့် -

ဖုန်း - ဝ၉ ၉၆၀ ၈၃၉ ၈၀၁၊ ဝ၉ ၅၁၈၈ ၇၀၉ များသို့
(ရုံးချိန်အတွင်း) ဆက်သွယ်၍ လည်းကောင်း၊
အီးမေးလ် - mediaprojectmanager@ispmyanmar.com, info@ispmyanmar.com သို့ အမည်စာရင်း ပေးပို့၍ လည်းကောင်း စာရင်း ပေးသွင်းနိုင်ပါသည်။

● နေ့ရက် - ဇန်န၀ါရီ ၂၀ ရက်၊ ၂၀၁၉ ခုနှစ် (တနင်္ဂနွေ)
● အချိန် - နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ
● နေရာ - နိုဗိုတယ်ဟိုတယ်၊ ပြည်ခန်းမ၊ ပြည်လမ်း၊ ရန်ကုန်။

စကားဝိုင်းဆွေးနွေးပွဲတွင် ဦးဆောင်ပါဝင်မည့်သူများ 
●—————————————

၁) ဆရာတော် ဒေါက်တာ ကိတ္တိသာရ 
- ဓမ္မစကူးလ်ဖောင်ဒေးရှင်း၏ အတွင်းရေးမှူး - ၃ ဖြစ်ပါသည်။ 

၂) သူရဦးသက်ဆွေ 
- ကာကွယ်ရေးဦးစီးချုပ် - ရေ (အငြိမ်းစား) ဖြစ်ပါသည်။ 

၃) ဦးသောင်းတင် 
- ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဒုတိယ ၀န်ကြီး (အငြိမ်းစား) ဖြစ်ပြီး KMD ကွန်ပြူတာ သင်တန်း တည်ထောင်သူလည်း ဖြစ်ပါသည်။ 

၎) ဒေါ်သက်သက်ခိုင် 
- ဒဂုံမြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည့်အပြင် အောင်မြင်သော အမျိုးသမီး လုပ်ငန်းရှင် တဦးလည်း ဖြစ်သည်။ 

၅) ဦးနေအောင် 
- နည်းပညာအသုံးပြု ခရီးသွားလုပ်ငန်း နယ်ပယ်ကို အစပြုနိုင်ခဲ့သည့် Oway Travel and Tour ကို တည်ထောင်ခဲ့သူ ဖြစ်ပါသည်။ 

၆) ဦးကျော်စွာမင်း 
ခရီးသွားလုပ်ငန်းနယ်ပယ်မှ လုပ်ငန်းရှင်တဦးဖြစ်ပြီး Grand Lotus Tours ကုမ္ပဏီ၏ စီမံအုပ်ချုပ်မှု ဒါရိုက်တာ ဖြစ်ပါသည်။ ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ဖွဲ့စည်းထားသော ခရီးသွားဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဖြစ်ပါသည်။ 

၇) ဦးဇော်နိုင် 
နည်းပညာနယ်ပယ်၌ ထင်ရှားသူ ဖြစ်သည့်အပြင် Mandalay Technology ၏ စီမံအုပ်ချုပ်မှု ဒါရိုက်တာ ဖြစ်ပါသည်။ 

၈) ဒါရိုက်တာ ထူးပိုင်ဇော်ဦး
"ည" ရုပ်ရှင်ဇာတ်ကားဖြင့် ကျော်ကြားခဲ့သည့် လူငယ်ဒါရိုက်တာ တဦး ဖြစ်ပါသည်။ 

၉) ဦးအောင်သူငြိမ်း 
ISP-Myanmar ၏ ပြင်ပဆက်ဆံဆက်သွယ်ရေး ဒါရိုက်တာ ဖြစ်ပါသည်။ 

■ ယောမင်းကြီးဇရပ်ဟူသည်

ယောမင်းကြီးဇရပ် စကားဝိုင်း ဆွေးနွေးပွဲသည် မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ၏ အစီအစဉ်တခု ဖစ်ပါသည်။ ထိုအစီအစဉ်ကို DVB ရုပ်သံလိုင်းမှတဆင့် အပတ်စဉ် တင်ဆက် နေပါသည်။ 

ယောမင်းကြီး ဇရပ် စကားဝိုင်းဆွေးနွေးပွဲ (Talk Show) သည် အခြားသော ဆွေးနွေးပွဲ ဖိုရမ်များနှင့် မတူ ခြားနားချက်မှာ လတ်တလော ကြုံတွေ့ နေရသည့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပြဿနာ များကို ဆွေးနွေးမည် မဟုတ်ဘဲ ရေရှည် သဘော ဆောင်သည့် အကြောင်းအရာများ၊ အလယ်အလတ် ကာလ သဘောဆောင်သည့် အကြောင်းခြင်းရာ များကို ဆန်းစစ် ဆွေးနွေးသွားကြမည် ဖြစ်ပါသည်။

ယင်းအစီအစဉ်တွင် သက်ဆိုင်ရာ ကဏ္ဍ အသီးသီးမှ ပညာရှင်များ၊ လက်တွေ့ အားထုတ် ဆောင်ရွက်နေကြသူများကို ဖိတ်ကြား၍၊ မြန်မာ့လူ့ဘောင်၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ တန်ဖိုးထားမှုများနှင့် ပြဿနာများကို ဆန်းစစ်သုံးသပ်ကြမည်ဖြစ်သည်။ ထို့အတူ အနာဂတ်သစ်ကို ပုံဖော်နိုင်ရေး ဝေဖန် ပြောဆိုကြပါမည်။ ရှေ့တူရူနိုင်မည့် မျှော်မြင်ချက် လားရာများကိုလည်း ဆွေးနွေးကြပါမည်။ ဆွေးနွေး မှုများသည် နိုင်ငံတော် တည်ဆောက်ရေး၊ ပြည်ထောင်စု ၀ိသေသနှင့် စိတ်ဓာတ် တည်ဆောက်ရေး၊ လူမှု အဖွဲ့အစည်း အားကောင်း ခိုင်မာရေးတို့အတွက် တတပ်တအား ဖြစ်စေရန် ရည်ရွယ်ပါသည်။

No comments:

Post a Comment