ဂျီတီအိုင် ဆိုတာ အရင်တုံးက တက်ချင်တိုင်းတက်လို့မရဘူး။ ဝင်ခွင့်ဖြေပြီး ကန့်သတ်ချက်အရေအတွက်ထဲပါမှ ဝင်ခွင့်ရတာ။
တန်ဖိုးကိုသိကြဖို့ ၁၉၃၅ ခုနှစ်က (လွတ်လပ်ရေးမရခင် ၁၃ နှစ်လောက်က)အင်းစိန်ဂျီတီအိုင်ရဲ့ အညွှန်းစာအုပ်ကို မြည်းစမ်းကြည့်ပါ။
ကျောင်းအုပ်ချုပ်ရေးအဖွဲ့၊ သင်ကြားတဲ့ ပညာရှင်အဖွဲ့၊ ထူးချွန်သူတွေကို ပေးအပ်တဲ့ ဆုတံဆိပ်လေးမျိုးရှိတယ်။ စာနဲ့ဘဲ လေးမျိုးတွေ့ရမယ်။ လက်တွေ့ကတော့ အသင်းမှာရှိတဲ့ Morris medal ဆုတံဆိပ်စာရင်းဘဲရှိတယ်၊ အရင်က ဒို့ကျောင်းသားဘဝတုံးက ၃ မျိုးတွေ့ဖူးတယ်၊ သိပ္ပံနဲ့နည်းပညာလက်ထက်ကျောင်းကိုရပ်လိုက်တော့ခိုးရောင်းကြတာ၊ ဒီတစ်ခုဘဲသူခိုးလက်ကနေ တာဝန်သိကျောင်းသားတယောက်က တစ်သိန်းခွဲနဲ့ ဝယ်ထားလို့မြင်ရတာ။ အသင်းမှာရှိတယ်။
၁၉၂၅/၂၆ ကနေ ၁၉၃၄ ထိ ၊CIVIL ENGINEERING, MECHANICAL ENGINEERING, ADVANCED COURSE IN MECHANICAL AND ELECTRICAL ENGINEERING AWARDED THE TITLE OF ASSOCIATES တို့ရဲ့ အောင်မြင်သူများစာရင်းလဲပါပေမဲ့ များလို့ပုံနဲ့ကူးပြီးမဖော်ပြလိုက်တော့ဘူ ။
AGTI SOCIETY






No comments:
Post a Comment