Apple ရဲ့ အၾကီးဆံုး ထုတ္လုပ္ေရးမိတ္ဘက္ကုမၸဏီ Foxconn ဟာ ကန္ထရိုက္စနစ္နဲ ့ခန္ ့ထားတဲ့ ဝန္ထမ္း ၅ ေသာင္းကို အလုပ္က ရပ္စဲလိုက္ပါတယ္။
(Unicode version)
iPhone ရောင်းအားကျဆင်းမှုကြောင့် Foxconn ဝန်ထမ်း ၅ သောင်း အလုပ်ဖြုတ်ခံရ
Apple ရဲ့ အကြီးဆုံး ထုတ်လုပ်ရေးမိတ်ဘက်ကုမ္ပဏီ Foxconn ဟာ ကန်ထရိုက်စနစ်နဲ့ခန့်ထားတဲ့ ဝန်ထမ်း ၅ သောင်းကို အလုပ်က ရပ်စဲလိုက်ပါတယ်။
Nikkei သတင်းအရ Foxconn ဟာ iPhone တွေ ရောင်းအားမကျခင် အောက်တိုဘာလကထဲက ဝန်ထမ်းတွေကို အလုပ်ကနေ ရပ်နားလိုက်တာ ဖြစ်တယ်လို့ဆိုပါတယ်။ ဝန်ထမ်းပမာဏ သောင်းဂဏန်းကို အခုလို အလုပ်ကနားတာဟာ ပုံမှန်ဖြစ်စဉ်တစ်ခုတော့ မဟုတ်သလို ကန်ထရိုက်တာအနေနဲ့ဒီလောက် စောစောစီးစီး ဝန်ထမ်းတွေကို အနားပေးတာကလည်း ထူးခြားနေပါတယ်။
တရုတ်နိုင်ငံ ဟီနန်ပြည်နယ် ဂျင်ကျိုးက စက်ရုံဝန်ထမ်းတွေနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တစ်ခုကတော့ ဒီလိုအလုပ်ဖြုတ်တာဟာ iPhone ထုတ်လုပ်မှုနဲ့တိုက်ရိုက်သက်ဆိုင်နေတယ်လို့ဆိုပါတယ်။ Apple ဘက်က iPhone ထုတ်လုပ်မှု အမှာစာတွေကို လျှော့ချမယ်ဆိုကတည်းက အခုလိုမျိုး အလုပ်ဖြုတ်တာတွေ ရှိလာတာပါ။
ပုံမှန်အားဖြင့် အလုပ်သမားစာချုပ်တွေဟာ သြဂုတ်ကနေ ဇန်နဝါရီလလယ်အထိ လစဉ်ပြန်ပြီး အသစ်ချုပ်ကြတာ ဖြစ်ပေမယ့် Foxconn ကတော့ ဝန်ထမ်းတွေကို နှစ်မကုန်ခင် အလုပ်က ထွက်ကြဖို့ပြောထားတာ ဖြစ်ပါတယ်။ Foxconn လိုပဲ iPhone အစိတ်အပိုင်းတွေ ထုတ်လုပ်တပ်ဆင်ပေးနေတဲ့ Pegatron ဟာလည်း ရာသီအလိုက်စာချုပ်နဲ့ငှားထားတဲ့ ဝန်ထမ်းတွေကို စောစောစီးစီးပဲ အလုပ်က ဖြုတ်ပစ်ပါတယ်။
Pegatron နဲ့နီးစပ်တဲ့ သတင်းတစ်ခုကတော့ ဒီကုမ္ပဏီဟာ အလုပ်ကောင်းစဉ်က ဝန်ထမ်း ၂ သိန်း ခန့်ထားရာကနေ အခုဆို လစဉ် ဝန်ထမ်း သောင်းဂဏန်းနီးပါး လျှော့နေပြီး နောက်ဆုံးမှာ ဝန်ထမ်း ၁ သိန်းနဲ့ပဲ ပုံမှန်လည်ပတ်သွားဖို့စီစဉ်နေတယ်လို့ဆိုပါတယ်။ ရှန်ဇန်းမှာ ရှိတဲ့ အမည်မဖော်လိုတဲ့ တစ်ခြား supplier တစ်ခုမှလည်း ဝန်ထမ်း ၄၀၀၀ ကို အလုပ်မဖြုတ်ဘဲ အောက်တိုဘာကနေ မတ်လအထိ အားလပ်ရက်ရှည် ခွင့်ယူဖို့တိုက်တွန်းထားတယ်လို့သိရပါတယ်။
ဝင်ငွေအနေနဲ့ကြည့်မယ်ဆိုရင် ကမ္ဘာပေါ်မှာ စတုတ္ထအကြီးဆုံး သတင်းအချက်အလက် နည်းပညာကုမ္ပဏီတစ်ခု ဖြစ်တဲ့ Foxconn ဟာ iPhone အပါအဝင် PlayStation နဲ့Xbox တို့လို ဂိမ်းပစ္စည်းတွေ ထုတ်လုပ်ပေးနေတဲ့ အီလက်ထရောနစ်ကုမ္ပဏီကြီး ဖြစ်ပါတယ်။ ကမ္ဘာ့စမတ်ဖုန်းဝယ်လိုအား ကျဆင်းမှုဟာ စမတ်ဖုန်းစက်ရုံတိုင်းကို ထိခိုက်နစ်နာစေဖို့ရှိပါတယ်။
https://www.google.com/amp/s/www.wsj.com/amp/articles/foxconn-falls-short-of-job-creation-target-in-wisconsin-11547854525
[Zawgyi Version]
Apple ရဲ့ အၾကီးဆံုး ထုတ္လုပ္ေရးမိတ္ဘက္ကုမၸဏီ Foxconn ဟာ ကန္ထရိုက္စနစ္နဲ ့ခန္ ့ထားတဲ့ ဝန္ထမ္း ၅ ေသာင္းကို အလုပ္က ရပ္စဲလိုက္ပါတယ္။
Nikkei သတင္းအရ Foxconn ဟာ iPhone ေတြ ေရာင္းအားမက်ခင္ ေအာက္တိုဘာလကထဲက ဝန္ထမ္းေတြကို အလုပ္ကေန ရပ္နားလိုက္တာ ျဖစ္တယ္လို ့ဆိုပါတယ္။ ဝန္ထမ္းပမာဏ ေသာင္းဂဏန္းကို အခုလို အလုပ္ကနားတာဟာ ပံုမွန္ျဖစ္စဥ္တစ္ခုေတာ့ မဟုတ္သလို ကန္ထရိုက္တာအေနနဲ ့ဒီေလာက္ ေစာေစာစီးစီး ဝန္ထမ္းေတြကို အနားေပးတာကလည္း ထူးျခားေနပါတယ္။
တရုတ္ႏုိင္ငံ ဟီနန္ျပည္နယ္ ဂ်င္က်ိဳးက စက္ရုံဝန္ထမ္းေတြနဲ ့နီးစပ္တဲ့ သတင္းအရင္းအျမစ္တစ္ခုကေတာ့ ဒီလိုအလုပ္ျဖဳတ္တာဟာ iPhone ထုတ္လုပ္မႈနဲ ့တိုက္ရိုက္သက္ဆိုင္ေနတယ္လို ့ဆိုပါတယ္။ Apple ဘက္က iPhone ထုတ္လုပ္မႈ အမွာစာေတြကို ေလွ်ာ့ခ်မယ္ဆိုကတည္းက အခုလိုမ်ိဳး အလုပ္ျဖဳတ္တာေတြ ရိွလာတာပါ။
ပံုမွန္အားျဖင့္ အလုပ္သမားစာခ်ဳပ္ေတြဟာ ၾသဂုတ္ကေန ဇန္နဝါရီလလယ္အထိ လစဥ္ျပန္ျပီး အသစ္ခ်ဳပ္ၾကတာ ျဖစ္ေပမယ့္ Foxconn ကေတာ့ ဝန္ထမ္းေတြကို ႏွစ္မကုန္ခင္ အလုပ္က ထြက္ၾကဖို ့ေျပာထားတာ ျဖစ္ပါတယ္။ Foxconn လိုပဲ iPhone အစိတ္အပိုင္းေတြ ထုတ္လုပ္တပ္ဆင္ေပးေနတဲ့ Pegatron ဟာလည္း ရာသီအလိုက္စာခ်ဳပ္နဲ ့ငွားထားတဲ့ ဝန္ထမ္းေတြကို ေစာေစာစီးစီးပဲ အလုပ္က ျဖဳတ္ပစ္ပါတယ္။
Pegatron နဲ ့နီးစပ္တဲ့ သတင္းတစ္ခုကေတာ့ ဒီကုမၸဏီဟာ အလုပ္ေကာင္းစဥ္က ဝန္ထမ္း ၂ သိန္း ခန္ ့ထားရာကေန အခုဆို လစဥ္ ဝန္ထမ္း ေသာင္းဂဏန္းနီးပါး ေလွ်ာ့ေနျပီး ေနာက္ဆံုးမွာ ဝန္ထမ္း ၁ သိန္းနဲ ့ပဲ ပံုမွန္လည္ပတ္သြားဖို ့စီစဥ္ေနတယ္လို ့ဆိုပါတယ္။ ရွန္ဇန္းမွာ ရိွတဲ့ အမည္မေဖာ္လိုတဲ့ တစ္ျခား supplier တစ္ခုမွလည္း ဝန္ထမ္း ၄၀၀၀ ကို အလုပ္မျဖဳတ္ဘဲ ေအာက္တိုဘာကေန မတ္လအထိ အားလပ္ရက္ရွည္ ခြင့္ယူဖို ့တိုက္တြန္းထားတယ္လို ့သိရပါတယ္။
ဝင္ေငြအေနနဲ ့ၾကည့္မယ္ဆိုရင္ ကမၻာေပၚမွာ စတုတၳအၾကီးဆံုး သတင္းအခ်က္အလက္ နည္းပညာကုမၸဏီတစ္ခု ျဖစ္တဲ့ Foxconn ဟာ iPhone အပါအဝင္ PlayStation နဲ ့Xbox တို ့လို ဂိမ္းပစၥည္းေတြ ထုတ္လုပ္ေပးေနတဲ့ အီလက္ထေရာနစ္ကုမၸဏီၾကီး ျဖစ္ပါတယ္။ ကမၻာ့စမတ္ဖုန္းဝယ္လိုအား က်ဆင္းမႈဟာ စမတ္ဖုန္းစက္ရံုတိုင္းကို ထိခိုက္နစ္နာေစဖို ့ရိွပါတယ္။



No comments:
Post a Comment